အခုတလော ကညွှတ်တွေပေါ်နေတယ်။ ဒီနေ့ တော့ ကညွှတ်အစိမ်းရောင်
(grüner Spargel)လုပ်စား ဖြစ်ပါတယ်။ ကညွှတ်ကို Salat လုပ်စားတာပါ။
၂ယောက်စာအတွက် ကညွှတ် အစိမ်းရောင် ၅၀၀ ဂရမ်ဝယ်ပါတယ်။
ကညွှတ်ကိုရေဆေး၊ အရင်းပိုင်း၃ပုံ ၁ပုံလောက်ကို အခွံခွာပါတယ်။
အောက်ဖက်က ရင့်နေတဲ့အပိုင်းကိုဖြတ်လိုက်ပါတယ်။
ကညွှတ်ကို အိုးထဲမှာ ရေ၊ဆား၊ သကြားနဲနဲထဲ့ပြီး ၅ မိနစ်ခန့် ပြုတ်ပါတယ်။
ပြီးရင်ရေစစ်ထားပါ။
ခရမ်းချဉ်သီးသေးသေးလေးတွေ (Kirschtomaten) ကိုရေဆေးပြီး ထက်ခြမ်း
ခြမ်းထားပါတယ်။
နေကြာစေ့တွေကို ဒယ်အိုးထဲမှာ လှော်ပါတယ်။
ကညွှတ်၊ခရမ်းချဉ်သီး၊ တွေကိုပန်းကန်ထဲထည့်ပါ။
အပေါ်က သံလွင်ဆီ ၁ဆ၊ သစ်ကြားသီးဆီ ၂ဆ ဖြန်းပေးပါတယ်။ ပြီးတော့
balsamico dressing နဲနဲ ဖြန်းပေးပါတယ်။ ပြီးမှ လှော်ထားတဲ့ နေကြာစေ့
တွေဖြူးပေးလိုက်ပါတယ်။
Parmesan ချိစ် ထပ်ဖြူးပေးပါ။ ကျမကတော့ မထဲ့ထားပါဘူး။
ကညွှတ် Salat နဲ့ Grünkernbratlinge တွဲပြီးပြင်ပေးလိုက်ပါတယ်။
အရသာရှိပြီး အသားမပါတဲ့ ဟင်းတစ်ပွဲပါ။