လို့ စာရင်းထဲမှတ်ထားလိုက်တာ။ မြန်မာပြည်မှာတော့ လှီးရ၊ပြုတ်ရနဲ့ အလုပ်များ
ပေမဲ့ ဒီမှာ အဆင်သင့်ဗူးထဲကဆိုတော့ အတော်ပဲ။ မနက်က အမေနဲ့ ဖုန်းပြောတော့
ခြံထဲမှာ ပိန္နဲသီးတွေသီးနေတယ်တဲ့။ မနှစ်ကတခါပြန်တော့ ခြံထွက် ပိန္နဲသီးစားခဲ့ရ
သေးတာသတိရမိတယ်။
အေးအေးဆေးဆေးထမင်းချက်မစားဖြစ်တာကြာပြီ။ ကိုThomas ကမြန်မာစာ
စားပေမဲ့ တချို့ ကျမကြိုက်တဲ့ မြန်မာဟင်းစစ်စစ် တွေကိုတော့မကြိုက်တတ်ပါဘူး။
ဒါနဲ့ ပဲ ကပြားဟင်းတွေပဲချက်တာများပါတယ်။
ဒီနေ့ တော့ ကျမစိတ်ကြိုက်ချက်လိုက်ပါတယ်။ သူ့ အတွက်တော့ သူ ကြိုက်တာလေးလုပ်
ပေးလိုက်ပါတယ်။
ဒါကတော့ ပိန္နဲကွင်းဟင်းပါ။
Sauerampfer Suppe
ဒါကတော့ ငါးငပိချက်နဲ့ တို့ စရာပါ။
သူ့ အတွက် အားလူးပြားကြော်၊ ၀က်သားခပတ် နဲ့ ဆလပ်ရွက်သုပ်
6 comments:
ချက်ထားလိုက်တာဖွယ်ဖွယ်ရာရာ အများကြီးပဲ
အတို့နဲ့ ငါးငပိချက်လည်း သွားရည်ကျတယ်။ (ကျမ အတို့အမြှုပ်လုပ်ရတာ သိပ်စိတ်မရှည်လို့ ငပိချက်ချည်း လုပ်တာများတယ်)
ချဉ်ပေါင်လည်း ကောင်း၊ ပိန္နဲလည်း ကောင်း
စိတ်ကူးထဲမှာ အ၀ကြိတ်သွားတယ်
စူးနွယ်လေး
ကြိုက်တယ် ပိန္နဲဟင်းကို ထမင်းလွှတ်စားသွားတယ်
:))သူကြီး
စူးနွယ်ရေ... စားကောင်းကောင်းနဲ့ စားပြီး နေ့ လည်ကအိပ်လို့ ကောင်းမှကောင်းပဲ။
သူကြီမင်း... ကြိုက်တယ်ဆိုလို့  ၀မ်းသာပါတယ်။
မရေဟင်းတွေကစုံလို့ပါလား၊အကုန်ကြိုက်တယ်၊အဲလို
စားချင်တယ်။
စားချင်လိုက်တာ၊ ချဉ်ပေါင်ဟင်း၊ ငပိချက်နဲ့ ငါးကြော်က အလိုက်ဆုံးပဲ။
ဟင်းစပ်တတ်တယ်။
လိုက်ဘက်တယ်နော်။
မှတ်ထားပြီး အဲလိုချက်ရမယ်။
ကျွန်မလည်း ပိန္နဲကွင်းဟင်းကြိုက်သူပါပဲ။
Post a Comment