Monday, May 16, 2011

Kichererbsencreme / ဆင်ခေါင်းပဲခရမ်


ဒီနေ့ တော့ ဆင်ခေါင်းပဲ ခရမ်လေးလုပ်ဖြစ်ပါတယ်။ စားလို့ ကောင်းတာနဲ့ 
သူငယ်ချင်းတို့ ကိုမျှဝေပေးလိုက်ပါတယ်။
၎ ယောက်စာအတွက်
၁၅၀ ဂရမ် ဆင်ခေါင်းပဲ ပြုပ် (ဘူးထဲက ပြုပ်ပြီးသား)
ကြက်သွန်ဖြူ ၂ တက်
သစ်ကြားသီးဆီ ထမင်းစားဇွန်း ၁ ဇွန်း
သံလွင်ဆီ ထမင်းစားဇွန်း ၁ ဇွန်း
သံပုရာရည် ထမင်းစားဇွန်း ၃ ဇွန်း
ဆား နဲ့  ငရုပ်ကောင်း (Black pepper) သင့်ရုံထဲပါ။
ဘူးထဲက ဆင်ခေါင်းပဲတွေကို ဇကာထဲမှာထည့်ပြီးရေစစ်ထားပါ။ ကြက်သွန်ဖြူကိုအခွံခွာပါ။
ဆင်ခေါင်းပဲနဲ့ ကြက်သွန်ဖြူကို ခွက်ဇောက်နက်နက်ထဲထည့်ပြီး စက်နဲ့ ချေပါ။

ကျန်တဲ့ ဆီ ၊ သံပုရာရည်၊ ဆား၊ငရုပ်ကောင်း တို့ ကို ထည့်ပြီး ခရမ်လိုပြစ်လာတဲ့အထိ
စက်နဲ့ ချေ/ မွှေပေးပါ။
ဒါပါပဲ... ခွက်လေးထဲထည့်ပြီး သစ်ကြားသီးပေါင်မုန့်  ဒါမှမဟုတ် Crisp bread
တို့ နဲ့ စားလို့ ရပါတယ်။ ကျမက အိမ်မှာဖေါက်ထားတဲ့ ပဲပင်ပေါက်လေးတွေပါ
ထဲ့လိုက်ပါသေးတယ်။
တခါတလေ ထောပတ်တို့  ၊ ယိုတို့ အစား ဆင်ခေါင်းပဲခရမ်လေးက အပြောင်းအလဲ
စားကောင်းပါတယ်။

Für 4 Portionen
250 g Kichererbsen (aus der Dose)
2 Knoblauchzehen
1EL Walnussöl
1EL Olivenöl
3 EL Zitronensaft
Meersalz,schwarzer Pfeffer

1. Die Kichererbsen in ein Sieb gießen und abtropfen lassen. Den Knoblauch schälen.
Beides in einem hohen Gefäß pürieren.

2. Alle weiteren Zutaten zugeben und zu einer feinen Creme verarbeiten.

3. Creme in ein Schälchen füllen.

Dazu passt beispielsweise Walnussbrot oder Knäckebrot.

Ref: Cholesterin senken mit Wirkstoffen aus der Natur, Prof.Dr. A.Berg, A. Stensitzky,
Prof. Dr. D. König

Saturday, May 14, 2011

တစ်ပတ်စာအတွက်အနားယူခြင်း


ဒီနေ့ တော့ စူးနွယ်လေးရဲ့ ထိုင်းကြက်သားသုပ် လုပ်စားဖြစ်ပါတယ်။
လွယ်လည်းလွယ်၊အရသာလည်းရှိလို့ နောက်တကြိမ်လုပ်စားဖြစ်ပါအုံးမယ်။
အိမ်ဦးနတ် မကြိုက်မှာစိုးလို့ သူ့ အတွက် ၀က်သားနဲ့ ပဲပြားချက်ပေးလိုက်ပါတယ်။
ဒါပေမဲ့ ထိုင်းကြက်သားသုပ်ကိုလည်းသူကြိုက်တယ်ဆိုပဲ။



သခွားသီး၊ခရမ်းချဉ်သီးတွေရောပြီးအရွက်သုပ်လည်းလုပ်စားသေးတယ်။


ဝယ်ထားတဲ့ မုန်လာဥအနီလေးတွေမပစ်ရအောင် ခရမ်းသီးနဲ့ ရောပြီး
ချဉ်ရည်ချက်သေးရဲ့ ။ တစ်ရက်ထဲနဲ့  စားချင်တာတွေစုချက်ထားတယ်။
လိုက်တာမလိုက်တာအသာထား။


အချိုပွဲကတော့ စတော်ဘယ်ရီ ပေါ့။ အခုတလောဒီမှာရာသီစာပေါ့။

မနက်ပိုင်းက ထိုင်းဆိုင်မှာ အနှိပ်သွားခံတယ်။ ပထမဆုံးသွားကြည့်တာပါ။
တော်တော်တော့နာတယ်။ ပြန်ရောက်တော့ အသင့်ချက်ထားတာစားသောက်ပြီး တစ်နာရီလောက်အိပ်ပျော်သွားပါတယ်။ နိုးလာတော့လန်းဆန်းသွားတယ်။ တစ်ပတ်စာအတွက်အနားယူခြင်းပေါ့။

Thursday, May 5, 2011

ကညွှတ် ခရမ်းချဉ်သီး အရော


အခုတလော ကညွှတ်တွေပေါ်နေတယ်။ ဒီနေ့ တော့ ကညွှတ်အစိမ်းရောင်
(
grüner Spargel)လုပ်စား ဖြစ်ပါတယ်။ ကညွှတ်ကို Salat လုပ်စားတာပါ။
၂ယောက်စာအတွက် ကညွှတ် အစိမ်းရောင် ၅၀၀ ဂရမ်ဝယ်ပါတယ်။
ကညွှတ်ကိုရေဆေး၊ အရင်းပိုင်း၃ပုံ ၁ပုံလောက်ကို အခွံခွာပါတယ်။
အောက်ဖက်က ရင့်နေတဲ့အပိုင်းကိုဖြတ်လိုက်ပါတယ်။
ကညွှတ်ကို အိုးထဲမှာ ရေ၊ဆား၊ သကြားနဲနဲထဲ့ပြီး ၅ မိနစ်ခန့် ပြုတ်ပါတယ်။
ပြီးရင်ရေစစ်ထားပါ။

ခရမ်းချဉ်သီးသေးသေးလေးတွေ (
Kirschtomaten) ကိုရေဆေးပြီး ထက်ခြမ်း
ခြမ်းထားပါတယ်။

နေကြာစေ့တွေကို ဒယ်အိုးထဲမှာ လှော်ပါတယ်။

ကညွှတ်၊ခရမ်းချဉ်သီး၊ တွေကိုပန်းကန်ထဲထည့်ပါ။
အပေါ်က သံလွင်ဆီ ၁ဆ၊ သစ်ကြားသီးဆီ ၂ဆ ဖြန်းပေးပါတယ်။ ပြီးတော့
balsamico dressing နဲနဲ ဖြန်းပေးပါတယ်။ ပြီးမှ လှော်ထားတဲ့ နေကြာစေ့
တွေဖြူးပေးလိုက်ပါတယ်။
Parmesan ချိစ် ထပ်ဖြူးပေးပါ။ ကျမကတော့ မထဲ့ထားပါဘူး။

ကညွှတ် Salat နဲ့ Grünkernbratlinge တွဲပြီးပြင်ပေးလိုက်ပါတယ်။

အရသာရှိပြီး အသားမပါတဲ့ ဟင်းတစ်ပွဲပါ။