Saturday, March 19, 2011

Junges Jackfruit Curry und... ပိန္နဲကွင်းဟင်းနှင့်မိန်ရာဟင်းကောင်းများ

ပိန္နဲကွင်းဟင်းကို လပြည့်ရိပ် ၊စူးနွယ်လေးတို့ ချက်ကြတာတွေ့ တော့ ချက်စားမယ်
လို့ စာရင်းထဲမှတ်ထားလိုက်တာ။ မြန်မာပြည်မှာတော့ လှီးရ၊ပြုတ်ရနဲ့ အလုပ်များ
ပေမဲ့ ဒီမှာ အဆင်သင့်ဗူးထဲကဆိုတော့ အတော်ပဲ။ မနက်က အမေနဲ့ ဖုန်းပြောတော့
ခြံထဲမှာ ပိန္နဲသီးတွေသီးနေတယ်တဲ့။ မနှစ်ကတခါပြန်တော့ ခြံထွက် ပိန္နဲသီးစားခဲ့ရ
သေးတာသတိရမိတယ်။
အေးအေးဆေးဆေးထမင်းချက်မစားဖြစ်တာကြာပြီ။ ကိုThomas ကမြန်မာစာ
စားပေမဲ့ တချို့ ကျမကြိုက်တဲ့ မြန်မာဟင်းစစ်စစ် တွေကိုတော့မကြိုက်တတ်ပါဘူး။
ဒါနဲ့ ပဲ ကပြားဟင်းတွေပဲချက်တာများပါတယ်။
ဒီနေ့ တော့ ကျမစိတ်ကြိုက်ချက်လိုက်ပါတယ်။ သူ့ အတွက်တော့ သူ ကြိုက်တာလေးလုပ်
ပေးလိုက်ပါတယ်။

ဒါကတော့ ပိန္နဲကွင်းဟင်းပါ။

Junges Jackfruit Curry

ဒါကတော့ ငါးကြော်ပါ။ ခပ်ထပ်ထပ်လေးပဲကြော်ထားပါတယ်။

gebratener Fisch

ချဉ်ပေါင်ဟင်းအဖြစ် (Sauerampfer / sorrel) ကိုချက်ထားပါတယ်။

Sauerampfer Suppe

ဒါကတော့ ငါးငပိချက်နဲ့ တို့ စရာပါ။
Fischpaste und frisches Gemüse

သူ့ အတွက် အားလူးပြားကြော်၊ ၀က်သားခပတ် နဲ့ ဆလပ်ရွက်သုပ်
Kartoffelschnitzel , Hackfleisch mit Masala und Salat

စားကောင်းကောင်းနဲ့ နှစ်ပန်းကန်တောင်စားလိုက်ပါတယ်။ တကယ့်ကိုမြန်မာပြည်
ပြန်ရောက်သွားသလိုပါပဲ။